Customer Feedback

Louis May

ပုဂံကို Precious Holiday Travels & Tour ရဲ့ ဝန်ဆောင်မှု ဖြင့် သွားခဲ့ရတာ အရမ်း ကို စိတ်ကျေနပ်မှု အပြည့်အဝ ရရှိခဲ့ပါတယ်…စိတ်စေတနာ အပြည့်ဖြင့် ဂရုစိုက်ပေးသော ညီမလေး နီလာ ကိုလည်း အရမ်း ကျေးဇူးတင်ပါတယ်…. တကယ်တော့ လူတော်တော်များများ ဟာ ပုဂံ ကို ဘုရားပဲ ဖူးစရာရှိတယ်ထင်ပြီး အပန်းဖြေဖို့သိပ်မစဉ်းစားမိပေမဲ့ precious holiday ရဲ့. အစီအစဉ် ဆွဲပေးမှုနဲ့ သွား ရတဲ့ အခါ ပုဂံဟာ ဘုရားတွေဖူးလို့ ကုသိုလ် တွေရရုံ တင်မကပဲ ရသမျိုးစုံပေးစွမ်းနိုင်ပါတယ်။ ဘုရား တစ်ဆူ ဖူးလိုက်တိုင်းမှာ သိလိုက်ရတဲ့ ရာဇဝင်လေးတွေကြောင့် လွမ်းဆွတ်မှု၊ မြန်မာ ဗိသုကာ လက်ရာ များကို မြင်တွေ့ရလို့ အံ့အားသင့်မှု၊တစ်နေ့ တာရဲ့. နေဝင်ဆည်းဆာ ကို စောင့်မျှော်ကြည့်ရတဲ့အတွက် သဘာဝတရား ကြီးရဲ့ လှပမှုနှင့်အတူ သေဖို့ရာ တစ်ရက်နီး လာပြီဆိုပြီး သံဝေဂရမှု များလည်းရရှိခဲ့ရသလို ရာဇဝင် များရဲ့ သတို့သမီး ဖြစ်တဲ့ ဧရာဝတီ မြစ်အတွင်းမှာ ချစ်ရသောသူနှင့် အတူ လှေပေါ် ကနေ နေဝင်ဆည်းဆာကို စောင်ကြည့် ခဲ့ ရတဲ့ စိတ်ချမ်းမြေ့မှုကိုတော့ ဘယ်တော့မှမေ့နိုင်မယ်မထင်ပါ …. တည်းရတဲ့ဟိုတယ်နဲ့ ပုဂံ မြို့တွင်း မှာလည်း လည်ဖို့ပတ်ဖို့ ကားစီစဉ်ပေးထားတာလည်း perfect ပါပဲရှင် ။ အားလုံးလည်း ကျွန်မလိုပဲ ခရီးတွေသွားဖူးကြမှာပါရှင် ။ကျွန်မတကယ် ပြောပြချင်တာကတော့ ခရီးစဉ် တစ်ခုကို သက်တောင့်သက်သာနဲ့ စျေးန်း ချိုသာပြီး လိုအပ်တာ လေးတွေကို အစီအစဉ်ကျအောင် စီစဉ်ပေးလို့ precious holiday travels & tour ရဲ့အဖွဲ့သူ အဖွဲ့ သားများ နှင့်တကွ ညီမလေး နီလာကို ကျေးဇူး အထူးတင်ရှိပါကြောင်း ….

Nov, 15, 2016

15, Nov, 2016

Thomas Klaus

Fabulous! Nice people, great service and offer. Flexible on changes. Made a trip to main sites (Yangon, Mandalay, Bagan, Inle Lake, Kalaw and Ngapali beach). Thank you so much!

Jan, 12, 2018

12 Jan 2018